အညတြဧ။် အလှသစ္စာ
- စံပယ် နှင်းဆီ နဲ့ ယှဉ်ကာရွေးရင်တော့
တကယ်အဆင်းမမှီလို့ အထင်သေးတာကြောင့်
အတွေးနယ် ဘေးဖယ်ကြ
ဆွေးဖွယ်ပ ခရေရယ်… ။
- အသေရေ မလျှမ်းပါတဲ့
အကြွေပန်းပေမို့
ရွှေနန်းလည်း တော်မဝင်
ငွေသဇင်လိုလည်း လူမမက်
ပန်းမျက်နှာငယ်။
- အဆန်းမပိုပါ
ပန်းဆိုတာလန်းစဉ်ခါ ဓမ္မတာ မွှေးပေမယ့်
နွမ်းတဲ့အခါ ဘယ်မှာမွှေးမလဲ
ဝေခွဲလို့မေးရင်ကွယ်
ခရေရယ် ဖြေလိုက်စမ်း …။
- ပန်းတို့ အခြေ
နွမ်းလို့ကြွေ မြေမှာရောက်ပေမယ့်
မကြောက်ပေအနှံ့ ရဂုံစခန်းမှာဖြင့်
မပျောက်တတ်ပေ ရနံ့ထုံမခန်းတယ်
ကွယ် …။
ပန်းဆိုမှ ပန်း…။
မြေလတ် မောင်မြင့်သူ
(စာရင်းကိုင်)
အရှက်နှင့် ရှင်သန်ခြင်း
- အထက်တန်းမကျပေမယ့်
မျက်နှာပန်း မလှသူတော့ မဖြစ်ချင်
- အကျိုးများစေဖို့
မိုးခါရေတစ်ငုံလောက်
သောက်ပြီး အသက်မရှင်။
- အရာရာ စာနာနှိုင်းပါလို
ကိုယ့်သမိုင်း မရိုင်းအောင်ပြုပြင်
အသိယှဉ် ဆင်ခြင်ပွား။
- ဘဝဆိုတာ
ခဏတာ ရေတစ်ပွက်ပေမို့
ဘယ်လိုပင် အနေခက်စေတော့
သစ္စာအခြေ သွေမပျက်ပါဘု
သိက္ခာကို ရွှေထက်မက်တယ်
အရှက်နဲ့လူသား။
မြေလတ် မောင်မြင့်သူ
(စာရင်းကိုင်)
